နတ်မောက် ဖေဖော်ဝါရီ ၂၀
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က ကန်ကြီးရပ်ကွက် ရွှေဘုံသာဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဆွေးနွေးပြုလုပ်ခဲ့သည်။ ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးပြောကြားရာတွင် ပြည်သူ့စစ်မှုထမ်း၏ ရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်ရန်ကာလ စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခြင်းနှင့် မြို့နယ်ဥပဒေအရာရှိ ဦးငြိမ်းချမ်းထွန်း က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် ဥပဒေပါအဓိပ္ပာယ်ဖော်ပြချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ကိုကိုက လုံခြုံရေးသတိ လုံခြုံရေးအသိ ရှိစေရန် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း