ငွေဆောင် ဖေဖော်ဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့အတွင်းရှိ အသက် (၅၀) နှစ်အ ထက်ပြည်သူများအား ယနေ့နံနက် (၁၀) နာရီမှ စတင်၍ အမှတ်(၃) ရပ်ကွက် ၊ ဟိုတယ်ဇုံလမ်း ရှိ ကျေးလက်ကျန်းမာရေးဌာနခွဲရုံး၌ ဂျာမနီနိုင်ငံထုတ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ( Pfizer)စတင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါအသက် (၅၀)နှစ်အထက်ပြည်သူများအား ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ကြရန်အတွက် ယမန်နေ့က မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှကြီးမှူး၍မြို့အတွင်း အသံချဲ့စက်ဖြင့် လှည့်လည်ကြေငြာ ပေးခဲ့ကြောင်းသိရသည်။ ကာကွယ်ဆေးထိုးနှံ ပေးရာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲမှ ဆရာမဒေါ်ခင်မိမိလှိုင် ဘက်စုံသားဖွားဆရာမ (Midwife) ငွေဆောင်(S/C)နှင့် နော်အယ် ဂေးဝါး (ကျန်းမာရေးကြီးကြပ် - ၂ )တို့မှ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ အသက် (၅၀) နှစ် အထက် ပြည်သူ(၄၉) ဦးအား ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေး (Pfizer) ထိုးနှံပေးခဲ့ပြီး အမှတ်(၃) ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ဆေးထိုးနှံရက် ကျန်ရှိနေသူများအားလည်း စာရင်း ကောက်ယူကာ ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
R – 014( ငွေဆောင်)