ကြိမ်၊ ဝါးအခြေခံ လက်မှုထည်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ဒိုက်ဦးမြို့၌ ကျင်းပ

ဒိုက်ဦး ဖေဖော်ဝါရီ ၂၀

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပဲခူးတိုင်းဒေသကြီးအသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီကကြီးမှူး၍ “ကြိမ်၊ ဝါးအခြေခံ လက်မှုထည် ထုတ်လုပ်မှု နည်းပညာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့ နံနက် (၉:၃၀) နာရီအချိန်က ကျင်းပပြုလုပ်သည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ညောင်လေးပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက အဖွင့်အမှာစကားပြောကြားခဲ့‌ကြောင်း သိရသည်။

ဆက်လက်၍ ပဲခူးတိုင်းအသေးစားစက်မှုလက်မှုဦးစီးဌာန ညွှန်ကြားရေးမှုး ဦးကျော်ဇင်ထွန်းက သင်တန်းနည်းပြများအား ဂုဏ်ပြုချီးမြှင့်ငွေချီးမြှင့်ပြီး သင်တန်းနည်းပြ ဦးနိုင်ဦးမှ ကြိမ်၊ ဝါးအခြေခံလက်မှုထည်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့​ကြောင်း သိရသည်။

အဆိုပါသင်တန်းမှာရက် သတ္တပတ် ၂ ပတ်ကြာမြင့်မည်ဖြစ်ပြီး သင်တန်းသား (၃၄) ဦးအား သင်တန်းနည်းပြ (၇) ဦးက သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)