ခိုလမ်မြို့တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေး

ခိုလမ် ဖေဖော်ဝါရီ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို  ယနေ့နံနက်(၉)နာရီအချိန်က စတင်ထုတ်ပေးလျက်ရှိ​သည်။

အဆိုပါ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ် မြို့နယ်ဘဏ်မန်နေဂျာ ဦးဝင်းကျော်ထွေးနှင့် ဝန်ထမ်းများမှ ဖေဖော်ဝါရီ(၂၁)ရက်မှ (၂၉)ရက်နေ့အထိ ရုံးဖွင့်ရက်များတွင် နံနက်(၉)နာရီမှ မွန်းလွဲ(၂)နာရီထိ အငြိမ်းစားဝန်ထမ်း(၁၀၀)ဦးခန့်တို့၏ ပင်စင်လစာငွေများကို စနစ်တကျ ထုတ်ပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)