လယ်ဝေး ဖေဖော်ဝါရီ ၂၁
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူနိုင်ရေး Census Unit (သန်းခေါင်စာရင်းယူနစ်) များတွင် အဆောက်အဦစာရင်းတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အဦမှတ်တမ်းတင်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ဦးစီးမှူးရုံးမှ လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း (၇) ရပ်ကွက်တွင် ဆောင်ရွက်လျက်ရှိသည်။ ဖေဖော်ဝါရီ ၁၉ နေ့က အမှတ် ၁ ရပ်ကွက်မှ အိမ်ထောင်စု ၇၅ စု၏ အဆောက်အဦစာရင်းအား ကောက်ယူပြီးစီးခဲ့ပြီး ဆက်လက်ကောက်ယူလျက်ရှိကြောင်း သတင်းရရှိသည်။
ဝေကြည်(ပြန်/ဆက်)