နတ်မောက်မြို့နယ် မြန်မာ့စီးပွာရေးဘဏ်တွင် ပင်စင်လစာငွေများထုတ်ပေး

နတ်မောက် ဖေဖော်ဝါရီ ၂၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာ့စီးပွာရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများကို ယနေ့နံနက်(၇)နာရီအချိန်ခန့်က စတင်ပြီး ထုတ်ပေးလျက်ရှိသည်။

အဆိုပါ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်ထုတ်ယူရာတွင် အဆင်ပြေစေရေးအတွက် ဖေဖော်ဝါရီ (၂၁)ရက်နေ့မှ (၂၉)ရက်နေ့အထိ နတ်မောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပင်စင်စားများအား နေ့စဉ် နံနက်(၇)နာရီမှ ညနေ(၃)နာရီအထိ ထုတ်ပေးသွားမည်ဖြစ်သည်။ ထို့ပြင် သတ်မှတ်ရက်များတွင် လာရောက်မထုတ်ယူနိုင်သော ပင်စင်စားများအား မတ်လဆန်းပိုင်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း၌ လာရောက်ထုတ်ယူနိုင်ပြီး နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသူ (၁၈၂၈)ဦးခန့်ရှိကြောင်း သိရသည်။

လှဝင်း