မိုးကောင်းမြို့ နောင်ကိုင်တော်ရပ်ကွက်၏ (၂၂)ကြိမ်မြောက် သံဃာ့ဒါနဆွမ်းဆန်တော် လောင်းလှူခြင်းရေစက်ချတရားပွဲကျင်းပ

မိုးကောင်း မတ် ၅

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ နောင်ကိုင်တော်ရပ်ကွက်၏ (၂၂) ကြိမ်မြောက် သံဃာ့ဒါနဆွမ်း ဆန်တော်လောင်းလှူခြင်း ရေစက်ချတရားပွဲကို ရွာနာမ်စေတီဓမ္မာရုံ၌ မတ်(၃)ရက် ညနေ(၄)နာရီတွင် ကျင်းပခဲ့သည်။

ဘုန်းတော်ကြီးကျောင်း (၂၃)ကျောင်းရှိ သံဃာ(၃၇၅)ပါးနှင့် သီလရှင်(၂)ကျောင်းရှိ သီလရှင် အပါး(၁၄၀)တို့အား ငွေကျပ်(၁၀)သိန်း၊ ဆန်အိတ်(၁၁၀)အိတ်၊ ဆီ(၂၅)ပိဿာ၊ ကြက်သွန် (၂၅)ပိဿာ၊ ကုလားပဲ(၂၅)ပိဿာနှင့် ဆား(၂၅)ပိဿာ စုစုပေါင်းတန်ဖိုး ကျပ်သိန်း(၁၂၀)ကျော်တို့ကို ရေစက်သွန်းချ လောင်းလှူခြင်းဖြစ်သည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ရိပ်သာကျောင်း တိုက်စာချဆရာတော်ဇနကထံ ငါးပါးသီခံယူတည်ဆောက်ကာ လူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ လောင်းလှူခဲ့ကြသည်။

ရေစက်ချတရားပွဲသို့ ပင့်သံဃာတော်များနှင့် ရပ်ကွက်သူ/သားများနှင့် အလှူရှင်များ တက်ရောက်ပြီး မွေးနေ့အလှူရှင်မှ ဒံပေါက်နှင့်အချိုရည်ဘူးများ ဝေငှ‌ပေးခဲ့သည်။

သန်းလွင်ဦး(ပြန်/ဆက်)