မိုင်းခတ် မတ် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မတ် ၁၁ ရက်မှ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူ ၁၈ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မိုင်းခတ်မြို့နယ်တွင် စာစစ်ဌာနများကို အခြေခံပညာအထက်တန်းကျောင်း(မိုင်းခတ်)နှင့် အရံစာစစ်ဌာနအနေဖြင့် အခြေခံပညာမူလတန်းကျောင်း(ဝမ်ပြန်)တို့တွင် ပြင်ဆင်ထားရှိရာ မိုင်းခတ်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် အတွင်းဖြေဆိုဦးရေ ၁၆ ဦး၊ အပြင်ဖြေဦးရေ ၂ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၈ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)