ဟိုမိန်း မတ် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ လက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီက ဟိုမိန်းမြို့မဈေးနှင့် လူစည်ကားရာနေရာများ ဈေးရောင်းဈေးဝယ်ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း၊ စိုးရိမ်ရန်မလို၊ ပြည်သူ့စစ်မှုထမ်းခြင်းဥပဒေအစရှိသည်တို့ပါဝင်ကြောင်း သိရသည်။
လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ဟိုမိန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ မြို့ရဲတပ်ဖွဲ့မှ စခန်းမှူးမင်းမင်းထိုက်၊ မြို့မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးနေမျိုးလှိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဈေးရောင်းဈေးဝယ်ပြည်သူများ လက်ဝယ်အရောက် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထက်ထက်(ဟိုမိန်း)