ဇမ္ဗူသီရိ ဖေဖော်ဝါရီ ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ယနေ့နံနက် ၉ နာရီတွင် အခြေခံပညာမူလတန်း Grade-5 နှင့် အလယ်တန်း Grade- 9 နှစ်ဆုံးစာမေးပွဲများ စတင်ဖြေဆိုလျှက်ရှိသည်။
အဆိုပါ အခြေခံပညာမူလတန်း နှစ်ဆုံးစာမေးပွဲအား ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၇ ရက်ထိ ကျင်းပမည်ဖြစ်ပြီး အလယ်တန်းနှစ်ဆုံးစာမေးပွဲအား ဖေဖော်ဝါရီ ၂၈ အထိ ကျင်းပမည် ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)