Grade-5နှင့် Grade -9 ကျောင်းသားကျောင်းသူများ အရည်အချင်းစစ်စာမေးပွဲ စတင်ဖြေဆို

နောင်တရား ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ Grade-5နှင့် Grade -9 မှ ကျောင်းသားကျောင်းသူများက အရည်အချင်းစစ်စာမေးပွဲကို ယနေ့နံနက်ပိုင်းမှ စတင်ဖြေဆိုလျက်ရှိသည်။

နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် Grade-9 မှ ကျောင်းသားကျောင်သူ စာရင်းရှိ (၂၈၈)ဦးရှိပြီး စာမေးပွဲသို့ လာရောက်ဖြေဆိုသူ (၂၈၄)ဦး၊ ကျန်းမာရေးမကောင်း၍ လာရောက်ဖြေဆိုနိုင်ခြင်းမရှိသည့် ကျောင်းသူးကျောင်းသူ (၄) ဦး၊ Grade-5 မှ ကျောင်းသားကျောင်သူ စာရင်းရှိ (၂၀၇) ဦးရှိပြီး စာမေးပွဲသို့ လာရောက်ဖြေဆိုသူ (၂၀၅)ဦး၊ ကျန်းမာရေးမကောင်း၍ လာရောက်ဖြေဆိုနိုင်ခြင်းမရှိသည့် ကျောင်းသူးကျောင်းသူ (၂) ဦး ရှိသည်။ အဆိုပါ Grade-5နှင့် Grade -9 မှ ကျောင်းသားကျောင်းသူများသည် စနစ်သစ် ပညာရေးစနစ်တွင် အစိုးရစစ်စာမေးပွဲအဖြစ် စတင်ဖြေဆိုခြင်းဖြစ်ပြီး အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)