တပ်ကုန်းမြို့နယ်၌ Grade-5 ၊ Grade -9 တန်းများမှ ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲ ဖြေဆို

တပ်ကုန်း ဖေဖော်ဝါရီ ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အခြေခံပညာကျောင်း စာစစ်ဌာနများတွင်၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade-5၊ Grade -9 တန်းများမှ ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲဖြေဆိုခြင်းကို ယနေ့နံနက်ပိုင်းက  စာစစ်ဌာနအသီးသီးတွင် မြန်မာစာဘာသာရပ် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်တွင် Grade-5 စာစစ်ဌာန ၁၆၄ ခု၊ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူပေါင်း ၄၂၂၃ ဦး၊ ဝင်ရောက်ဖြေဆိုသူပေါင်း ၄၁၇၈ ဦး၊ ပျက်ကွက်သူပေါင်း ၄၅ ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း ၉၈ဒသမ၉၃ ဖြစ်ပြီး၊ Grade -9 စာစစ်ဌာန ၆၄ ခု၊ စာရင်းရှိ ကျောင်းသား၊ကျောင်းသူပေါင်း ၂၆၄၁ ဦး၊ ဝင်ရောက်ဖြေဆိုသူပေါင်း ၂၅၇၂ ဦး၊ ပျက်ကွက်သူပေါင်း ၆၉ ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း ၉၇ဒသမ ၃၉ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တင်စိုးလွင်