မြန်အောင် ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် လဟာပေါက်ကျေးရွာအုပ်စု လဟာပေါက်ကျေးရွာ ကွင်းအမှတ် ၂၃၉ခ၊ ဦးပိုင်အမှတ် ၁၇၈/၅ ဦးသန်းဇော်မိုး၏ လယ်မြေတစ်ဧက၌ ယနေ့ နံနက်က တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) ဖြင့် နွေစပါးမျိုးစေ့ချစိုက်ပျိုးခြင်း ကွင်းပိတ်ပွဲ ကျင်းပခဲ့သည်။
တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) ဖြင့် နွေစပါးမျိုးစေ့ချစိုက်ပျိုးခြင်း ကွင်းပိတ်ပွဲသို့ မြန်အောင် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ မြန်အောင်ခရိုင်/မြို့နယ် စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ဒေသခံလယ်သမားများ တက်ရောက်ကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးမြင့်အောင်နှင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနဦးစီးမှူး ဦးဖြိုးဝေထွန်းတို့က တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးခြင်းအားဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ တိုက်ရိုက်မျိုးစေ့ချ ကိရိယာ (Seeder) ဖြင့် နွေစပါးကွင်းပိတ်ပွဲ ရက် ၉၀ စပါးမျိုးစိုက်ပျိုးခြင်းအား ကြည့်ရှုအားပေးခဲ့ကြသည်။ မြန်အောင်မြို့နယ်အတွင်း၌ ၂၀၂၄ ခုနှစ်အတွင်း နွေစပါးဧက (၉၈၃၀)ဧက စိုက်ပျိုးပြီး ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)