ပင်လောင်း ဖေဖော်ဝါရီ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် (နဝမတန်း) Grade-9 နှင့် (ပဥ္စမတန်း) Grade-5 စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က စာစစ်ဌာနအသီးသီးတွင် မြန်မာစာဘာသာရပ်အား စတင်ဖြေဆိုလျက်ရှိသည်။
ပင်လောင်းမြို့နယ်အတွင်း (နဝမတန်း) Grade-9 စာမေးပွဲ စာစစ်ဌာန (၂၃) ခုတွင် စာရင်းရှိ ကျောင်းသား/ ကျောင်းသူ (၂၄၈၅) ဦးရှိရာ ဖြေဆိုသူ (၂၄၁၉)ဦး၊ ပျက်ကွက်သူ (၆၆)ဦးရှိပြီး ဖြေဆိုမှု (၉၈.၈၅)ရာခိုင်နှုန်း၊ (ပဥ္စမတန်း) Grade-5 စာမေးပွဲကို စာစစ်ဌာန(၄၂)ခုရှိတွင် စာရင်းရှိ ကျောင်းသား/ ကျောင်းသူ (၃၇၈၉) ဦးရှိရာ ဖြေဆိုသူ (၃၇၅၁)ဦး၊ ပျက်ကွက်သူ (၃၈)ဦးရှိပြီး ဖြေဆိုမှု (၉၉)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
မြို့နယ်ပြန်/ဆက်