အမြို့မြို့အနယ်နယ်သတင်းများ

Feb 23,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာသိရှိပြီး သတင်းအမှန်များသိရှိကြစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာသတင်းစကားလက်ကမ်းစာစောင်များကို ခရမ်းမြို့နယ်၏ လူစည်ကားရာနေရာများ၊ မြို့ဝင်လမ်းဆုံများအတွင်းနှင့် YBS ယာဉ်လိုင်း ကားများပေါ်တွင် ဖြန့်ဝေခဲ့သည်။
Feb 23,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် ၇ နာရီအချိန်က မြို့မစျေးရှေ့၌ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ပြည်သူများထံ ဖြန့်ဝေသည်။
Feb 23,2024
မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ပိန်းပန်းပင်များကို စီးပွားဖြစ်စိုက်ပျိုးရောင်းချသူများလာပြီး စျေးကွက်တွင် အရောင်းအဝယ်သွက်လာသည်။
Feb 23,2024
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာသိရှိပြီး သတင်းအမှန်များသိရှိစေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၈ နာရီအချိန်က ဒေါပုံမြို့နယ်၏ လူစည်ကားရာနေရာများတွင် တာဝန်ရှိသူများက အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့ကြပါသည်။
Feb 23,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ တံတားမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပက်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့မစျေးနှင့်လူစည်ကားရာနေရာများ ဆိုင်ကယ် TAXI ဂိတ်များတွင်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Feb 23,2024
ဒေသတွင်း စားသုံးဆီဖူလုံမှုရာခိုင်နှုန်း တိုးတက်မြင့်မားရေးနှင့် ဆီထွက်သီးနှံနေကြာ အထွက်နှုန်းတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန်အတွက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ နေကြာဝတ်မှုံကူးပွဲကို ယမန်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်၊ ထောင်ဝိကွင်း၌ ကျင်းပသည်။
Feb 23,2024
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့ အ ထ က ကျောင်းနှင့် စျေးဆိုင်ခန်းများ၌ မြို့မီးသတ်ဦးစီးမှူး ဦးအောင်မျိုးဇော်၊မြို့အုပ်ချုပ်ရေးမှူး ဦးယိန်းဝါး၊ စျေးတာဝန်ခံ ဦးချင်းအောင်နှင့် ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စျေးအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးစံသိန်းနှင့်အဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့က မီးဘေးလုံခြုံရေး လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀နာရီအချိန်မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Feb 23,2024
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် အကြောင်းအရာများကို အများပြည်သူများ ပိုမိုသိရှိစေရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များအား  ယနေ့ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဝန်ထမ်းများက မြို့နယ်အတွင်း (အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။