မုံရွာ ဖေဖောဝါရီ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးပြီး ဌာနတွင်းဝန်ထမ်းများအား ဘဏ္ဍာရေး စည်းမျဥ်းနှင့်အညီ စနစ်တကျသုံစွဲဆောင်ရွက်နိုင်စေရန်နှင့် အစီရင်ခံစာများ၊ စီမံချက်များ ရေးဆွဲ ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ လုပ်ငန်းခွင်သုံး သာမာန်အသုံးစရိတ်တွင် အသုံးပြုမည့် ဘတ်ဂျက်ခေါင်းစဥ် အမှတ်အသားများ၊ စီမံချက်၊ အစီရင်ခံစာနှင့် လုပ်ငန်းပြီးစီးကြောင်း ထည့်သွင်းရမည့်အဓိကအချက်များဆိုင်ရာ ငွေစာရင်းသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်(၉)နာရီက စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန မြေမျိုးပိုးရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ တင်မာမာဦးက အမှာစကားပြောကြားပြီးနောက် သင်တန်းကို ဆက်လက်ပို့ချပေးရာ တိုင်းဒေသကြီး ဦးစီးမှူးနှင့် အတူ တိုင်းဒေသကြီး ငွေစာရင်းတာဝန်ခံ ဒေါ်မီမီထွေးနှင့် ဘတ်ဂျက် ဌာနစိတ်တာဝန်ခံ ဒေါ်ကြည်သာငြိမ်းတို့က သင်တန်းသား၊ သင်တန်းသူ (၆၉)ဦးအား လုပ်ငန်းခွင် သာမန်မသုံးစရိတ် ငွေစာရင်းခေါင်းစဥ်များ၊ အစီရင်ခံစာများ၊ စီမံချက်များ ရေးဆွဲခြင်းစသည့် ဘာသာရပ်များကို ပရိုဂျက်တာများဖြင့် အသေးစိတ်ရှင်းလင်းသင်ကြားဆွေးနွေးပို့ချခဲ့ပြီး သိရှိလိုသည့် မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ဖြေကြားပေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းလှိုင်ဦးနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း (၇၅) ဦး တက်ရောက်သည့်အပြင် တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အပါအဝင် ခရိုင်နှင့် မြို့နယ်ရုံများမှ ဝန်ထမ်းများက Online ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)