ရွှေသောင်ယံမြို့တွင် ပြည်သူ့စစ်မှုထမ်းဉပဒေနှင့် ပတ်သက်၍ လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရွှေသောင်ယံ ဖေဖော်ဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များမှ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိကောင်းစရာများပါဝင်သော လက်ကမ်းစာစောင်များကို ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်း ပြည်သူများထံသို့ လိုက်လံဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးရခြင်း ရည်ရွယ်ချက်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများသိရှိနားလည်နိုင်ကြစေရန် ရည်ရွယ်ကြောင်းသိရသည်။

လက်ကမ်းစာစောင်စောင်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်း ဥပဒေပြဌာန်းချက်များနှင့် စပ်လျဥ်း၍ စစ်မှုထမ်းရမည့် အသက်အရွယ် အပိုင်းအခြား သတ်မှတ်ထားမှုများ၊ စစ်မှုထမ်းဆောင်ရန် အချိန်ကာလ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် အကျိုးခံစားခွင့်များ၊ ဥပဒေလုပ်ထုံးလုပ်နည်းများ၊ ပြစ်မှု၊ ပြစ်ဒဏ်များပါရှိသည့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)