ကျောက်ဆည် ဖေဖော်ဝါရီ ၂၃
မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade-5၊ Grade-9 အခန်းဆုံးစာမေးပွဲများကို ယမန်နေ့ နံနက်(၉)နာရီက စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အခန်းဆုံးစာမေးပွဲများဖြေဆိုရာ၌ Grade-5 အတန်းတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ(၃၄၇၅)ဦး၊ ပုဂ္ဂလိကျောင်းများမှ ကျောင်းသား/ကျောင်းသူ(၁၇၁)ဦး၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများမှကျောင်းသား/ကျောင်းသူ(၂၅၆)ဦး၊ စုစုပေါင်း (၃၉၀၂)ဦးနှင့် Grade-9အတန်းတွင်အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၁၉၆၅)ဦး၊ ပုဂ္ဂလိကျောင်းများမှ ကျောင်းသား/ကျောင်းသူ(၁၄၃)ဦး၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ကျောင်းသား/ကျောင်းသူ(၁၇)ဦး၊ စုစုပေါင်း(၂၁၂၅)ဦး ဖြေဆို ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် Grade-5 အတန်းတွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၄၀၂၇)ဦးရှိပြီး စာမေးပွဲဝင်ရောက်ဖြေဆိုသူ(၃၉၀၂)ဦး၊ ပျက်ကွက်သူ(၁၂၅)ဦး၊ Grade-9 အတန်းတွင် ကျောင်းသား/ကျောင်းသူ(၂၁၆၀)ဦးရှိပြီး စာမေးပွဲဝင်ရောက်ဖြေဆိုသူ (၂၁၂၅) ဦး၊ ပျက်ကွက်သူ(၃၅)ဦး ရှိကြောင်း သိရသည်။
သက်မောင်၊ ကျောက်ဆည်