မြစ်ကြီးနား ဖေဖော်ဝါရီ ၂၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရန်ကြီးအောင်ရပ်ကွက်ရှိ သာသနာ့ဝန်ဆောင်မြို့ဦးကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် အောင်စကြာစေတီတော်မြတ်ကြီး၏ (၄၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ဆွမ်းသပိတ်လောင်းလှူပွဲအကြို စုပေါင်း ထမနဲထိုးပွဲတော်ကို ယနေ့ နံနက် ၉ နာရီမှ စတင်၍ စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းမြိုင် ဦးဆောင်သည့် ဂေါပကအဖွဲ့ဝင်များနှင့် ရပ်ကွက်နေ လူငယ်မောင်မယ်များက အဆိုပါ ကျောင်းတိုက်အတွင်း ကျင်းပခဲ့သည်။
ထမနဲထိုးပွဲတော်တွင် မြစ်ကြီးနားမြို့ပေါ်နှင့် ရပ်ဝေးရပ်နီးမှ စေတနာရှင်ပြည်သူများ ထည့်ဝင် လှူဒါန်းငွေကျပ် (၂၈) သိန်းကျော် အကုန်အကျခံကာ ထမနဲဒယ် (၄၀) ကျော်အား စေတီတော် ဝတ်ရွတ်အသင်းဝင်များနှင့် လူငယ်အဖွဲ့တို့မှ လုပ်အားဒါနပြုဆောင်ရွက်ကြခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် မြို့နယ်လုံးကျွတ်သံဃာ့ဒါန ဆွမ်းသပိတ်လောင်းလှူပွဲကို ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကာ မြစ်ကြီးနားမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းပေါင်း (၆၀)ကျော်မှ ဆရာတော်၊ သံဃာတော်နှင့် ရှင်သာမဏေအပါး (၇၀၀) ကျော် ပင့်လျှောက်ထားကြောင်း ပွဲတော်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးအုန်းမြိုင်ထံမှ သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)