ပလောက်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ (Grade -5/9)အတန်း နှစ်ဆုံးခရိုင်စစ်/တိုင်းစစ်စာမေးပွဲ စတင်ဖြေဆို

ပလောက်  ဖေဖော်ဝါရီ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (Grade -5) နှင့် (Grade-9) အတန်း ကျောင်းသား/သူများ၏ နှစ်ဆုံး ခရိုင်စစ်/ တိုင်းစစ်စာမေးပွဲကြီးကို ယမန်နေ့နံနက် ၉ နာရီတွင် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

နှစ်ဆုံး ခရိုင်စစ်/တိုင်းစစ် စစ်ဆေးခြင်းကို (Grade-5) နှင့် (Grade-9) အတန်း ကျောင်းသား/သူ(၁၆၅)ဦးက တစ်ရက်တစ်ဘာသာဖြင့် ယမန်နေ့က   မြန်မာစာဘာသာကို စတင်ဖြေဆိုလျက်ရှိပြီး (Grade-5) ကျောင်းသား/သူများက ဖေဖော်ဝါရီလ(၂၇)ရက်နေ့တွင် လည်းကောင်း၊ (Grade -9) ကျောင်းသား/သူများက ဖေဖော်ဝါရီလ(၂၈)ရက်နေ့တွင်လည်းကောင်း ဖြေဆိုပြီးစီးမည်ဖြစ်သည်။

အဆိုပါ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ နှစ်ဆုံး ခရိုင်စစ်/တိုင်းစစ် စာမေးပွဲအေးချမ်းစွာ ဖြေဆိုပြီးစီးနိုင်ရေး မြို့အဆင့်ဌာနဆိုင်ရာများက ကျောင်းသား/သူများ၏ လုံခြုံရေးအား ပူးပေါင်းကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နှင်းမြူလွင်(ပလောက်)