လားရှိုးမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် စုပေါင်းထမနဲထိုးပွဲ ကျင်းပ

လားရှိုး ဖေဖော်ဝါရီ ၂၅

လားရှိုးမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ယမန်နေ့က စုပေါင်းထမင်းနဲထိုးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းထမင်းနဲထိုးပွဲသို့ လားရှိုးမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ် ဦးဆန်းဝင်းသိန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(လားရှိုး)မှ ကျောင်းအုပ် ဒေါ်မြမြသင်းတို့က ကျောင်းသား၊ ကျောင်းသူများနှင့်အတူ အားပေးခဲ့ကြကြောင်း သိရသည်။

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ အထက်တန်း၊ အလယ်တန်း ကျောင်သား၊ ကျောင်းသူပေါင်း ၂၀၀ ဦးခန့် တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)