တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို (၇၇)နှစ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်

ထားဝယ်   ဖေဖော်ဝါရီ   ၂၅

(၇၇)နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ယနေ့နံနက် ၈ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ ရှေ့ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ်၊ သယံဇာ တရေးရာဝန်ကြီးဦးခင်မောင်မြင့်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးနိုင်မင်းနိုင်တို့က (၇၇)နှစ်မြောက် မွန်အမျိုးသားနေ့အထိမ်းအမှတ် မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာသော ဧည့်သည်တော်များအား မွန်ရိုးရာတပင်တိုင်အကဖြင့် ကပြဖျော်ဖြေတင်ဆက်သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက နှစ်စဉ်တပို့တွဲလပြည့်ကျော် (၁)ရက်နေ့ ကျရောက်တိုင်း ကျင်းပသည့် မွန်အမျိုးသားနေ့အခမ်းအနားသည် သမိုင်းအစဉ်အလာ၊ ဂုဏ်သိက္ခာ ကြီးမားပြီးလူမျိုးတစ်မျိုး၏ အထွဋ်အမြတ်ဖြစ် သည့်အားလျော်စွာမွန်လူမျိုးအားလုံး မိမိတို့ရောက်ရှိ နေထိုင်ကြသောနေရာဒေသအနှံအပြားတွင် အသီးသီးကျင်းပလျက်ရှိကြောင်း၊ မွန်လူမျိုးတို့၏ ဘာသာ စကား ယဉ်ကျေးမှုဓလေ့ထုံးတမ်း၊ သမိုင်းအစဉ်အလာများ မပျောက်ကွယ် မတိမ်ကော သွားစေရန်၊ ထိန်းသိမ်းသွားရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ရန်၊ မွန်လူမျိုးတို့၏ ဇာတိသွေး၊ ဇာတိမာန်အစဉ်နိုးကြားပြီးစည်းလုံးညီညွတ်မှုရှိစေရန်၊ တိုင်းရင်း သားညီအစ်ကိုမောင်နှမများ အားလုံး အတူတကွပေါင်းစည်းပြီး စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်သွားရန် စသည့် ကောင်းမြတ်သော ရည်ရွယ်ချက်များဖြင့် ကျင်းပလျက်ရှိကြောင်း၊ အသီးတရာအညှာတစ်ခုပမာ အမိနိုင်ငံတော်ကြီးသည်တိုင်းရင်းသားလူမျိုးပေါင်းစုံစုစည်းနေထိုင်ကြသည့်  နိုင်ငံတော်တစ်ခုဖြစ်ကြောင်း၊  တိုင်းရင်းသားလူမျိုးအသီးသီးတို့သည် မတူညီသည့် သမိုင်းနောက်ခံ၊ ရပ်တည်ချက်၊ မိမိတို့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့် နေထိုင်ကြသည့်အလျာက် မိမိတို့လူမျိုးအလိုက် အမျိုးသားနေ့များ ကိုလည်း ကောင်းမွန်သည့်ရည်ရွယ်ချက်များဖြင့်ကျင်းပကြကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းအတွင်းရှိ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာများ၊ စာပေနှင့်အနုပညာများ ထိန်းသိမ်းမြှင့်တင်နိုင်ရန်နှင့်တို င်းရင်းသားတို့၏ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်းများ ပျောက်ကွယ်မှုမရှိစေရန် အလေးအနက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ မွန်တိုင်းရင်းသားများ အနေဖြင့်လည်းမိမိတို့၏စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ထုံးစံများကို ပိုမိုဖွံ့ဖြိုးတိုးတက်လာစေ ရန်မွန်တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းအားထုတ်ကြရန်နှင့် မွန်အမျိုးသားနေ့ဖြစ်သည့်အားလျော်စွာ မိမိတို့လူမျိုး၊ ဘာသာ၊သာသနာနှင့် အမျိုးသားအကျိုးစီးပွား တိုးတက်ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးJeng Phang နော်တောင်မှ (၇၇)နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားသို့ ပေးပို့လာသည့် သဝဏ်လွှာအား တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက ဖတ်ကြားပြီးမွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌဦးနိုင်မင်းနိုင်က ကျေးဇူးတင်စကားပြောကြားသည်။

ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများ၊ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မွန်လူမျိုးများတို့က စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)