ရေတာရှည်မြို့၌ “ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိကောင်းစရာများ” လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရေတာရှည် ဖေဖော်ဝါရီ ၂၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ယနေ့နံနက် ၇ နာရီအချိန်က ဌာနဆိုင်ရာများ စုပေါင်း၍ ရေတာရှည်မြို့နယ် စည်ပင်သာယာစျေးအတွင်းတွင် " ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိကောင်းစရာများ" လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာ ရေတာရှည်မြို့နယ် စည်ပင်သာယာယာစျေးအတွင်းရှိ စျေးသူ စျေးသားများ၊ စျေးရောင်း စျေးဝယ်ပြုလုပ်နေကြသူများအား သိရှိနိုင်စေရန် ဌာနဆိုင်ရာများ စုပေါင်း၍  ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်းနှင့် ပြည်သူ့စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းချက်များပါဝင်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)