လားရှိုး ဖေဖော်ဝါရီ ၂၅
လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၂/၂၀၂၄)ကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် (၁၁)နာရီအချိန်က လားရှိုးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် ကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်ခဲ့သည်။
ထို့နောက် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် လူဦးရေစာရင်း၊ အဆောက်အအုံစာရင်းများကောက်ယူခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လားရှိုးခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်းက ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူများက မိမိတို့၏ သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းရပ်များကို တင်ပြဆွေးနွေးခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်ချက်များ ဖြည့်စွက်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စိုင်ထွန်း(လားရှိုး)