အိမ်မဲမြို့တည်သမိုင်းဝင်ရှင်ပင်ချမ်းသာကြီးဘုရား၏ ဖောင်တော်ဆိပ်ရင်ပြင်တွင် တရားပွဲကျင်းပ

အိမ်မဲ ဖေဖော်ဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ချောင်းဝရပ်ကွက် (၁)လမ်းရှိ အိမ်မဲမြို့တည် သမိုင်းဝင် ရှင်ပင်ချမ်းသားကြီးဘုရား၏ ဖောင်တော်ဆိပ်ရင်ပြင်တွင် ကျုံမငေး-ရန်ကုန် စက်ရုံဓမ္မရိပ်သာများ၏ ဦးစီးပဓာန မဟာနာယက အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဓန္တသုမနဆရာတော်ဘုရားကြီး၏တရားပွဲကို ယမန်နေ့ ည (၈)နာရီအချိန်တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ဆရာတော်ဘုရားကြီးက ရှင်ပင်ချမ်းသာကြီးဘုရားရွှေကျောင်းတော်အတွင်းမှ တရာဟောမည့်နေရာသို့ ကြွရောက်တော်မူလာခဲ့သည်။ ထို့နောက်တရားပွဲကို “နမောတဿ” (၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး အလှူရှင်များအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများအသီးသီးပေးအပ်ခဲ့သည်။

ဆက်လက်ပြီး ဆရာတော်ဘုရားကြီးက ခေါင်းကိုတည့်မတ် ခါးကိုဆန့်ထိုင်ရင်ထိုင်တယ်ကြိုးစားမှတ်၊ ဘုရားရှင်၏ဂုဏ်တော်ကိုတိုတိုနဲ့ ထိမိစေသောလင်္ကာကိလေသာမရှိ အားလုံးသိမှတ်၊ အကုသိုလ်မှန်သမျှ မပြုရ ဘုရားတိုင်းဆုံးမသြဝါဒ ကုသိုလ်မှန်သမျှပြုလုပ်ရဘုရားတိုင်းဆုံးမသြဝါဒ စိတ်ဓာတ်မှန်သမျှဖြူစင်ရ ဘုရားတိုင်းဆုံးမသြဝါဒ၊ ကိလေသာ ကံရုပ်နာမ်ဒုက္ခ စသည့်တရားခေါင်းစဥ်များဖြင့် ​ဟောကြားခဲ့သည်။

တရားပွဲကို ဖေဖော်ဝါရီလ (၂၅) ရက်နေ့ညတွင်လည်း ရွှေဥက္ကလာဆရာတော် ဒေါက်တာဘဒ္ဒန္တစိန္ဒာမယ ၏ တရားပွဲကိုကျင်းပသွားမည်ဖြစ်ပြီး ရှင်ပင်ချမ်းသာရုပ်ရှင်တော်မြတ်ကြီး၏ ဖောင်တော်ဆိပ်ရင်ပြင်တွင်  တရားအလှူတော်ကျင်းပခဲ့သည်မှာ ဒုတိယ အကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)