ကျောက်ပန်းတောင်းမြို့နယ် လက်ပန်ပင်ကျေးရွာတွင် ဟင်းချက်ရာမှ မီးလောင်မှုဖြစ်ပွား 

ကျောက်ပန်းတောင်း  ဖေဖော်ဝါရီ  ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် လက်ပန်ပင်ကျေးရွာအုပ်စု၊ လက်ပန်ပင်ကျေးရွာတွင် ယနေ့နံနက် ၁၀ နာရီခန့်က ဟင်းချက်ပြုတ်သည့် မီးဖိုးမီးမှ ကူးစက်လောင်ကျွမ်းမှုဖြစ်ပွားရာ လူနေအိမ်(၃) လုံးနှင့် နွားတင်းကုတ်(၂)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့ ၁၀ နာရီ မိနစ် ၄၀ ခန့်က အဆိုပါကျေးရွာနေ ဒေါ်တင်မူအေး(ဘ) ဦးအေးကြိုင်၏ နေအိမ်တွင် ဟင်းချက်ရာမှ တဆင့် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အနီးနားရှိ နေအိမ်(၂)လုံးနှင့်  နွားတင်းကုတ်(၂)လုံးကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ မီးလောင်ရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်လင်းဦးစီးသည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း၊ မီးဘေးသင့်ပြည်သူများ နေထိုင်ရေး အဆင်ပြေစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းလွင်နှင့် အဖွဲ့ဝင်များက စီစဉ်ဆောင်ရွက်ပေးထားပြီး မီးပေါ့ဆစွာ သုံးစွဲခဲ့သူအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)