တပ်ကုန်း ဖေဖော်ဝါရီ ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ပြီး အဖွဲ့လေးဖွဲ့ခွဲ၍ အသိပညာပေးရှင်းလင်းခြင်း ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက ကင်းသာကျေးရွာအုပ်စု၊ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ(KC)ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေးရှင်းလင်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ အပိုင်းအခြား၊ စစ်မှုထမ်းဆောင်ရမည့်ကာလ၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရမည့်သူများ၊ စစ်မှုထမ်းဆောင်ခြင်းမှ ယာယီရွှေ့ဆိုင်းခွင့် ရနိုင်သူများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ရရှိနိုင်မည့်အခွင့်အရေးများ၊ စစ်မှုထမ်းခြင်းမှ ရှောင်လွှဲပါက ကျသင့်မည့်ပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေများနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကောလာဟလလုပ်ကြံသတင်းများ မယုံကြရန် ဆွေးနွေးမှာကြားခဲ့သည်။
ယနေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးအဖွဲ့က ကင်းသာကျေးရွာအုပ်စု အပါအဝင် မကျီးကုန်းကျေးရွာအုပ်စု၊ အောင်မြေရိပ်သာကျေးရွာအုပ်စု၊ ကံကြီးကျေးရွာအုပ်စု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဗိုလ်မှူးဝင်းထွဋ်အောင်အဖွဲ့က ကင်မွန်းတန်းကျေးရွာအုပ်စု၊ ရှားတောကျေးရွာအုပ်စု၊ ထန်းတောကြီးကျေးရွာအုပ်စု၊ နွယ်ရစ်ကျေးရွာအုပ်စု၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးတက်ထွန်းအဖွဲ့က ညောင်တုန်းအိုင် ကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ရေအေးကျေးရွာအုပ်စု၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရဦးအဖွဲ့က ရှောက်ကုန်းကျေးရွာအုပ်စု၊ ကျားသေအိုင်ကျေးရွာအုပ်စု၊ သပြေချောင်းကျေးရွာအုပ်စုတို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများ အသိပညာပေး အသီးသီးရှင်းလင်းပြောကြားခဲ့ကြောင်း သိရပြီး၊ တပ်ကုန်းမြို့နယ်အတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ရှင်းလင်းခြင်းကို ကျေးရွာအုပ်စုပေါင်း ၁၉ အုပ်စုနှင့် ရပ်ကွက် ၆ ရပ်ကွက်တို့တွင် ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်