ယခုနှစ်တွင် ရေတာရှည်မြို့၌ နွေစပါးစိုက်ပျိုးမှု ဧကပေါင်း ၁၉၈၈၄ ဧက စိုက်ပျိုးနိုင်မည်ဖြစ်

ရေတာရှည် ဖေဖော်ဝါရီ ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ယခုနှစ် နွေစပါးစိုက်ပျိုးမှုကို ဧကပေါင်း ၁၉၈၈၄ ဧက စိုက်ပျိုးထားနိုင်ရန် လျာထားလျက်ရှိပြီး ဖေဖော်ဝါရီလအတွင်း ဧကပေါင်း ၁၁၅၁၁ ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရေတာရှည်မြို့နယ်တွင်  ယခုနှစ်နွေစပါးစိုက်ပျိုးမှုကို ဆွာမြို့၊ သာရမြို့ ၊ မြို့လှမြို့နှင့် ရေနီမြို့တို့ရှိ ကျေးရွာအုပ်စုများအလိုက်စိုက်ပျိုးကြရာ စပ်မျိုးစပါးဖြစ်သည့် နယူးဧရာ-၁၊ အထွက်ကောင်းမျိုးများဖြစ်ကြသည့် နှံကောက် ၊ ရက် ၉၀ ၊ ဗျော့ထွန်း ၊ ဆင်းသုခ ၊ မှော်ဘီ -၃ ၊ နယူးဧရာ(၁၂)နှင့် အဆင့်မြင့်မျိုးများအဖြစ် ပြည်တော်ဝင်၊ ကောက်ညှင်းမွှေးစသည့် စပါးမျိုးများကို တောင်သူ ၆၆၂၈ ဦးက စိုက်ပျိုးထားလျက်ရှိပြီး မျိုးစေ့ထုတ်စိုက်ဧကပေါင်း (၂၀၀)ကျော်ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှစနစ်တကျ စိုက်ပျိုးထားလျက်ရှိသည်။

လာမည့်စိုက်ပျိုးရာသီတွင် စိုက်ပျိုးဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်ထားလျက်ရှိကြောင်း၊ ဒေသနှင့်ကိုက်ညီသည့် သက်လျင်အထွက်ကောင်းစပါးမျိုးများကို တောင်သူများ အားထားစိုက်ပျိုးနိုင်ရေးအတွက် မျိုးကောင်းမျိုးသန့်များရရှိရေးကို အဓိကထားစိုက်ပျိုးလျက်ရှိကြောင်း၊ နွေစပါးစိုက်ပျိုးထုတ်လုပ်ရာတွင် စီးပွားရေးအရ တွက်ခြေကိုက်သည့် အထွက်ကောင်းပြီး အရည်အသွေးကောင်းမျိုးများကို တောင်သူများ ပိုမိုကျယ်ပြန့်စွာ စိုက်ပျိုးသွားနိုင်ရန် ဆောက်ရွက်လျက်ရှိသည့်အပြင် တောင်သူတစ်ဦးချင်းစီ၏  ဝင်ငွေနှင့် ဒေသဝမ်းစာဖူလုံမှုကို ပိုမိုတိုးတက်စေရန် ရည်ရွယ်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးနည်းစနစ်များ၊ မြေပြင်ပြုပြင်ပြောင်းလဲစိုက်ပျိုးနည်းများ၊ စက်ကိရိယာအကူအညီများဖြင့် စနစ်တကျ စိုက်ပျိုးနည်းများကို စိုက်ခင်းတာဝန်ခံများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကိုထက်(ရေတာရှည်)