ချမ်းမြသာစည် ဖေဖော်ဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ တာ၀န်ရှိသူများသည် ယနေ့နံနက် ၉ နာရီခန့်က ချမ်းမြသာစည်မြို့နယ်၊ အကွက်(၉၀၂)၊ ရန်-မန်းလမ်းနှင့် သိပ္ပံလမ်းထောင့်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မန္တလေးဘဏ်ခွဲ ဆောက်လုပ်နေသည့်နေရာသို့ လာရောက်ကြည့်ရှုခဲ့ကြသည်။
အဆိုပါ ဗဟိုဘဏ်ခွဲ ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးတွင် အဆောက်အဦဦးစီးဌာန (မန္တလေး) ဒုတိယညွှန်ကြားရေးမှူး ဒေါ်သဇင်မြင့်က အဆောက်အဦဆောက်လုပ်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာ၀န်ရှိသူများက လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မန္တလေးဘဏ်ခွဲ ဆောက်လုပ်နေသည့်နေရာသို့ လာရောက်ကြည့်ရှုစစ်ဆေးရာတွင် ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အတူ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးရာ ဝန်ကြီး ဦးသိန်းဌေး၊ မဟာအောင်မြေခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဝင်းရွှေတို့ လိုက်ပါခဲ့ကြကြောင်း သတင်းရရှိသည်။
ချမ်းမြေ့