မှော်ဘီမြို့နယ်၌ အခြေခံဘောလုံးဒိုင်လူကြီး သင်တန်းဖွင့်ပွဲ ကျင်းပ

မှော်ဘီ ဖေဖော်ဝါရီ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီး၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် မှော်ဘီမြို့နယ် ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံဘောလုံးဒိုင်လူကြီး သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီက မှော်ဘီမြို့နယ် အားကစားခန်းမ၌ ကျင်းပသည်။

 ရှေးဦးစွာ မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးဝင်းစိုးက အဖွင့်အမှာစကားပြောကြားပြီး မှော်ဘီမြို့နယ် အားကစားအထောက်အကူပြု ကော်မတီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးမင်းမောင်က အခြေခံဘောလုံး ဒိုင်လူကြီး သင်တန်းဖွင့်လှစ်ရခြင်း၏ အကျိုးရလဒ်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခြေခံဘောလုံးဒိုင်လူကြီး သင်တန်းကို ဖေဖော်ဝါရီလ (၂၆) ရက်နေ့မှ မတ်လ (၃)ရက်နေ့အထိ (၇)ရက်ကြာ သင်ကြားပေးမည်ဖြစ်ပြီး အခြေခံဘောလုံး ဒိုင်လူကြီးသင်တန်းသို့ သင်တန်းသား (၃၄) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝင်းဇော်(ပြန်/ဆက်)