ချောက်မြို့တွင် မီးဘေးသင့်အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေများပေးအပ်

ချောက် ဖေဖော်ဝါရီ ၂၆

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် မီးဘေးသင့်အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ချောက်မြို့၊ အမှတ်(၄)ရပ်ကွက် လွတ်လပ်ရေးရပ်ရှိ မီးဘေးသင့်အိမ်ခြေ(၄)လုံး၊ အိမ်ထောင်စု (၄)စု ကျား(၅)ဦး၊ မ(၂)ဦး စုစုပေါင်း(၇)ဦးတို့အတွက် ဆန်ဖိုးရိက္ခာ ငွေကျပ်၁၄၇၀၀၊ အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် ၄၀၀၀၀၀ ၊ စုစုပေါင်းငွေကျပ် ၄၁၄၇၀၀ နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးတင်ထွန်းဦး၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစောမြဖောင်းတို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ 

ကျော်မိုး(ပြန်/ဆက်)