ဆွမ်ပရာဘွမ်မြို့နယ် စာစစ်ဌာနများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲစတင်ဖြေဆို

ဆွမ်ပရာဘွမ် ဖေဖော်ဝါရီ ၂၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီ ၂၂ ရက်နေ့မှစ၍ ဖြေဆိုလျက်ရှိရာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်မှစ၍ Grade-5 နှင့် Grade-9 အင်္ဂစာဘာသာရပ်များ ဖြေဆိုကျင်းပလျက်ရှိကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့နယ်အနေဖြင့် စာစစ်ဌာန(၁၆)ခုရှိပြီး Grade-5 စာစစ်ဌာန(၁၃)ခုနှင့် Grade-9 စာစစ်ဌာန(၃)ခုများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိရာ Grade-5 စာမေးပွဲတွင် ဖြေဆိုကျောင်းသား/ကျောင်းသူ(၅၁)ဦးရှိပြီး ဖေဖော်ဝါရီ(၂၂)ရက်နေ့မှ (၂၇)ရက်နေ့ အထိ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့်လည်းကောင်း၊ Grade-9 စာမေးပွဲတွင် ဖြေဆိုကျောင်းသား/ကျောင်းသူ (၃၇)ဦးရှိပြီး ဖေဖော်ဝါရီ(၂၂)ရက်နေ့မှ ဖေဖော်ဝါရီ(၂၈)ရက်နေ့အထိ တစ်ရက်တစ်ဘာသာနှုန်း ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဆွမ်ပရာဘွမ်(ပြန်/ဆက်)