ပြည် ဖေဖော်ဝါရီ ၂၆
ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအကြောင်းကို ပြည်သူများအမှန်တကယ်သိရှိစေရန်၊ ဆိုရှယ်မီဒီယာများ၌ လုပ်ကြံရေးသားဖေါ်ပြလျက်ရှိသော သတင်းတု/သတင်းမှားများအန္တရာယ်ကြောင့်ပြည်သူများ စိုးရိမ်ထိတ်လန့်မှုမဖြစ်စေရန်နှင့် သတင်းအမှန်များကိုသိရှိပြီး အမှား/အမှန်ဝေဖန်ပိုင်းခြားနိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ပြည်မြို့ရွှေဆံတော်ဘုရားကြီးမြောက်စောင်းတန်း နာရီစင်အနီး မြို့မရဲစခန်းရှေ့ လူစည်ကားရာ ဗိုလ်ချုပ်လမ်းမပေါ်၌ လမ်းသွားလမ်းလာပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ အသိပညာပေးသတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းကို တာဝန်ရှိများအဖွဲ့က ပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် "ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းတို့၏ခံစားခွင့်များ၊ ဘာကြောင့် ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးရတာလဲ၊ စိုးရိမ်ရန်မလို"စသည့်ခေါင်းစဥ်များဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာအကြောင်းများအပါအဝင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဥ်း၍ သိရှိလိုသည်များကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည့်ဖုန်းနံပါတ်များနှင့် အခြားသိကောင်းစရာအကြောင်းများ ရေးသားဖေါ်ပြထားရှိပြီး အဆိုပါသတင်းစကားလက်ကမ်းစာစောင်ကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကတာဝန်ခံထုတ်ဝေ၍ ပြည်သူများအား အခမဲ့ဖြန့်ဝေဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်