Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တောင်တွင်းကြီးမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် အိမ်သုံးဆားအရောင်းဆိုင်များ၌ အိုင်အိုဒင်းဆားပါဝင်မှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းဆောင်ရ…
May 22,2026
မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် မြို့မစျေးကြီးအတွင်း လက်လီရောင်းချလျက်ရှိသော အိမ်သုံးဆားအရောင်းဆိုင်များသို့ ယနေ့နံနက်(၉)နာရီအချိန်က ဌာနဆိုင်ရာများပါဝင်သောပူးပေါင်းအဖွဲ့က ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်
May 22,2026
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ်ပိုင်းအချိန်က စျေးရပ်ကွက်ရှိ ပညာနန်တော်ဘော်ဒါကျောင်းဆောင်တွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်ခရိုင် အထူးကုဆရာဝန်ကြီးများ ညောင်တုန်းမြို့နယ်၊ ငှက်ပျောကျွန်းတိုက်နယ်အတွင်းရှိ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးကုသမှုများဆောင်ရွက်
May 22,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်စွာလွင် ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုဆရာမကြီးများ စုစုပေါင်း(၆၁)ဦး ပါဝင်သည့်အဖွဲ့သည် ညောင်တုန်းမြို့နယ်၊ ငှက်ပျောကျွန်းတိုက်နယ်အတွင်းရှိ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ကုသမှုများ ဆောင်ရွက်ပေးခြင်းကို မေလ ၂၀ ရက်နေ့ နံနက်ပိုင်းက ငှက်ပျောကျွန်းတိုက်နယ်ဆေးရုံ၌ ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့၌ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(မြို့ပေါ် လုံခြုံရေးတာဝန်) အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်မွမ်းမံသင်တန်းဆင်းပွဲကျင်းပ
May 22,2026
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ဘေးကင်းလုံခြုံရေးအတွက် တာဝန်သိစိတ်ဖြင့်ပါဝင်ဆောင်ရွက်လျက်ရှိသော ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(မြို့ပေါ်လုံခြုံရေးတာဝန်)အဖွဲ့ဝင်များ စွမ်းရည်မြှင့်မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီက နယ်မြေခံတပ်ခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့နယ်၌ မိုးရာသီမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရေး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကြဲပက်ပွဲ ကျင်းပ
May 22,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးရာသီမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ကြဲပက်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျောက်မဲမြို့နယ်၊ ချောင်းချောက်ကျေးရွာအုပ်စု၊ နောင်အန်ကျေးရွာရှိ တောင်သူ ဦးစံသြ၏ လယ်မြေ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
အင်္ဂပူမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ် စိုက်ထူပွဲပြုလုပ်
May 22,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းများဖွင့်လှစ်နိုင်ရေး ပြင်ဆင်နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
May 22,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အတွင်း အခြေခံပညာကျောင်းများ ဖွင့်လှစ်ရာတွင် အခက်အခဲမရှိစေရေး ပြင်ဆင်နေမှုများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရသူရိမြို့၌ ကျောင်းသား/ သူ ကလေးများအား ပြိုင်ပွဲများကျင်းပ
May 22,2026
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းပိတ်ရာသီ ကျောင်းသား/သူကလေးများ ဉာဏ်ရည်ဖွံ့ဖြိုး/စိတ်ရွှင်လန်းစေရေး ပြိုင်ပွဲများ ကျင်းပခြင်းကို မေ ၂၂ ရက် နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
93
Page
94
Page
95
Page
96
Current page
97
Page
98
Page
99
Page
100
Page
101
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department