မိုးနဲ မေ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အတွင်း အခြေခံပညာကျောင်းများ ဖွင့်လှစ်ရာတွင် အခက်အခဲမရှိစေရေး ပြင်ဆင်နေမှုများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းစိုး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပူးပေါင်းကာ ကျောင်းဝင်းအတွင်း ဖွင့်လှစ်ရာတွင် အဆင်ပြေပြေဖွင့်လှစ်နိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြရာ မြို့နယ်ပညာရေးမှူး ဒေါ်နီလာနှင့် ကျောင်းတာဝန်ရှိသူများက လက်ရှိပြင်ဆင်ထားရှိမှုများနှင့် ပြင်ဆင်နေမှုများ၊ ဆောင်ရွက်သွားမည့်အချက်များကို ပြောကြားပေးခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ပေါင်းစပ် မှာကြားပေးခဲ့ကြောင်းသိရသည်။
မိုးနဲမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံလက်ခံခြင်းကို မေလ ၂၅ ရက်နေ့တွင် အခြေခံပညာကျောင်းများ၌ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်ကိုကို