အမြို့မြို့အနယ်နယ်သတင်းများ

Jun 27,2025
၂၀၂၅ ခုနှစ် မိုးစပါးရာသီတွင် အောင်နိုင်တိုးစပါးမျိုးသစ် မျိုးစေ့ထုတ်စိုက်ပျိုးခြင်းနှင့် (RTOP)စမ်းသပ်ကွက် စိုက်ပျိုးခြင်းအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် မြေရဲတောင်အုပ်စုတောင်သူ ဦးပြုံးချို၏  လယ်မြေလေးဧက၌ ယမန်နေ့နံနက် ၈ နာရီက ပြုလုပ်သည်။
Jun 27,2025
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့  မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လည်အချိန်က အခြေခံပညာအလယ်တန်းရှမ်းစုကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 27,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က အပြည်အပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်သည်။
Jun 27,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် လူမှုဝန်ထမ်းရုံးတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်ပတ်သက်ပြီး အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 27,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့ အ.ထ.က (၁)၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Jun 27,2025
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့၌ အမှိုက်လေးမျိုးခွဲခြားစွန့်ပစ်ပုံအား အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက် ဗဟိုလမ်းမ စည်ပင်သာယာဈေးကြီးတွင် ဆောင်ရွက်သည်။
Jun 27,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီက ကျိုင်းတုံ-လွိုင်မွေလမ်းဘေး၊ မိုင်တိုင် (၁၂/၀)တွင် ကျင်းပသည်။
Jun 27,2025
၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ်အခမ်းအနားအား လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။