တောင်တွင်းကြီးမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် အိမ်သုံးဆားအရောင်းဆိုင်များ၌ အိုင်အိုဒင်းဆားပါဝင်မှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းဆောင်ရွက်

တောင်တွင်းကြီး မေ ၂၂

မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် မြို့မစျေးကြီးအတွင်း လက်လီရောင်းချလျက်ရှိသော အိမ်သုံးဆားအရောင်းဆိုင်များသို့ ယနေ့နံနက်(၉)နာရီအချိန်က ဌာနဆိုင်ရာများပါဝင်သောပူးပေါင်းအဖွဲ့က ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းဆောင်ရွက်ရာတွင်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးမှူး ဦးခင်မောင်ရီက အိုင်အိုဒင်းဆားကို နေ့စဉ်စားသုံးသည့်အစားအစာများတွင် ထည့်သွင်းစားသုံးဖို့ အလွန်အရေးကြီးပါကြောင်း၊ အိုင်အိုဒင်းချို့တဲ့မှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကလေးငယ်များနှင့် ကလေး/ လူကြီးမရွေး ဖြစ်ပွားလာမည့် ရောဂါများအကြောင်း အရေးကြီးဆုံးအချက်ဖြစ်သည့် အိုင်အိုဒင်းချို့တဲ့မှုကြောင့် တိုင်းပြည်အနာဂါတ်ဖြစ်သော ကလေးငယ်များတွင် ပုညှက်ခြင်း ဉာဏ်ရည်ချို့တဲ့ခြင်းတို့ကြောင့် လေ့လာသင်ယူနိုင်စွမ်းကုန်ထုတ်လုပ်နိုင်စွမ်းအားများ ကျဆင်းကာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုထိခိုက်လာနိုင်သည်အထိ အန္တရာယ်ကြီးမားလျက်ရှိကြောင်း ဗဟုသုတဖြစ်ဖွယ်ဆွေးနွေးပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်စည်ပင်နှင့်ဈေးတာဝန်ခံရုံးမှ တာဝန်ရှိသူများပါဝင်သောပူးပေါင်းအဖွဲ့တို့က ဈေးအတွင်းရောင်းချလျက်ရှိသော အိမ်သုံးဆားများတွင် အိုင်အိုဒင်းပါဝင်မှုရှိ/မရှိအား Iodized salt test kit for salt fortified with POTASSIUM IODATE ဖြင့် လက်တွေ့စမ်းသပ် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

နောင်နောင် (ဗိဿနိုးမြေ)