တောင်တွင်းကြီး မေ ၂၂
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ဘေးကင်းလုံခြုံရေးအတွက် တာဝန်သိစိတ်ဖြင့်ပါဝင်ဆောင်ရွက်လျက်ရှိသော ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(မြို့ပေါ်လုံခြုံရေးတာဝန်)အဖွဲ့ဝင်များ စွမ်းရည်မြှင့်မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီက နယ်မြေခံတပ်ခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် နယ်မြေခံတပ်မှူး ဗိုလ်မှူးကြီး ဇော်လင်းထွန်းက သင်တန်း ဆင်းမိန့်ခွန်းစကားပြောကြားပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြို့နယ်စီမံခန့်ခွဲေရးနှင့်အုပ်ချုပ်ရေး ကော်မတီမှထောက်ပံ့ငွေများအား မြို့နယ်စီမံခန့်ခွဲေရးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးက သင်တန်းမှူးနှင့် သင်တန်းနည်းပြများထံထောက်ပံ့ပေးအပ်ကာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှထောက်ပံ့ငွေများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ရဲမှူးရဲမြင့်က သင်တန်းသားကိုယ်စားလှယ်တစ်ဦးထံ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် နယ်မြေခံတပ်မှူးကပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(မြို့ပေါ်လုံခြုံရေးတာဝန်)အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ဦးမျိုး(ဗိဿနိုးမြေ)