ကရသူရိမြို့၌ ကျောင်းသား/ သူ ကလေးများအား ပြိုင်ပွဲများကျင်းပ

ကရသူရိ မေ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းပိတ်ရာသီ ကျောင်းသား/သူကလေးများ ဉာဏ်ရည်ဖွံ့ဖြိုး/စိတ်ရွှင်လန်းစေရေး ပြိုင်ပွဲများ ကျင်းပခြင်းကို မေ ၂၂ ရက် နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ပြုလုပ်သည်။

ကျောင်းပိတ်ရာသီ၌ စာကြည့်တိုက်သို့ လာရောက်၍ စာအုပ်/ စာပေများ ဖတ်ရှုလျက်ရှိသည့် ကျောင်းသား/သူကလေးများ အသိပညာ ဗဟုသုတ ရရှိရေး၊ ဉာဏ်ရည်/ဉာဏ်‌သွေး ထက်မြက်ရေး ၎င်းတို့ ကြိုက်နှစ်သက်သည့် စစ်တုရင်ကစားခြင်း၊ ဒိုးဆက်ကစားခြင်း၊ အိမ်ဆောက်ခြင်း၊ ဆေးရောင်ခြယ်ခြင်းနှင့် အရုပ်ခေါက်ခြင်းတို့ကို ပျော်ရွှင်စွာ ယှဥ်ပြိုင်ကစားခဲ့ကြသည်။

အဆိုပါဆောင်ရွက်ခြင်းသည် ကျောင်းပိတ်ရာသီ အားလပ်ချိန်၌ ကျောင်းသား/သူများ၏ ဦးနှောက်နှင့် ဉာဏ်ရည်/ဉာဏ်‌သွေးကို မြှင့်တင်သည့်အနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန  ဝန်ထမ်းများက စဥ်ဆက်မပြတ် လေ့ကျင့်ဆောင်ရွက်​ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)