နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်

နတ်မောက် မေ ၂၂

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ်ပိုင်းအချိန်က စျေးရပ်ကွက်ရှိ ပညာနန်တော်ဘော်ဒါကျောင်းဆောင်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ဒေါ်သိမ့်သိမ့်မိုး (တွဲဘက်ဦးစီးအရာရှိ) က လူငယ်များအနေဖြင့် ကျောင်းသင်ခန်းစာအပြင် ပြင်ပဗဟုသုတစာပေများကိုပါ အစဥ်တစိုက်ဖတ်ရှုလေ့လာကြရန်နှင့် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် စာအုပ်စာစောင်များ ဖတ်ရှုခြင်းဖြင့် ဆင်ခြင်တုံတရားနှင့် အတွေးအခေါ်မှန်ကန်စေရေး လူငယ်များ ခေတ်မီနည်းပညာများကို အကောင်းမြင်စိတ်ဖြင့် စနစ်တကျအသုံးပြုတတ်စေရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်သတိပြုရှောင်ရှားကြရန်စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြသထားသည့် လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား/ သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

လှဝင်း