အင်္ဂပူမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ် စိုက်ထူပွဲပြုလုပ်

အင်္ဂပူ မေ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ ကျောင်းအပ်နှံရေးမြေစိုက်ဘုတ်အား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများက အမွှေးနံ့သာရည်များ ပက်ဖျန်း‌ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။ အဆိုပါဆိုင်းဘုတ်စိုက်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးဒေါ်‌ အေးအေးမင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ‌ ဒေါ်သန္တာ‌ဌေးနှင့် အသင်းဝင်များ တက်ရောက်ခဲ့သည်။

ကျောင်းအပ်နှံရေးသီတင်းပတ်၏ ဆောင်ပုဒ်မှာ “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဖြစ်ပြီး ကျောင်းအပ်နှံရေး သီတင်းပတ်မှာ ၂၀၂၆ ခုနှစ် မေလ(၂၅)ရက်နေ့မှ မေလ (၃၁)ရက်နေ့ထိ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မန်းကျော်(ပြန်/ဆက်)