အမြို့မြို့အနယ်နယ်သတင်းများ

May 22,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ကန်ထရိုက်လယ်ယာစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး တောင်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ငါးလုံကုန်းကျေးရွာရှိ ကျေးရွာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
May 22,2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ရေဘေးအပါအဝင်အခြားသော သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး၊ အထိအခိုက် ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရေး၊ ပြည်သူများ အသိ/သတိရှိကြစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက သံလွင်ဦးမြို့မဈေးရှေ့ စက်လှေဆိပ်၌ ရေပြင် ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေး သဏ္ဍာန်တူသရုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 22,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ စာစီစာကုံးရေးသားနည်းသင်တန်းကို မေလ ၂၁ ရက် နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဖွင့်လှစ်ခဲ့သည်။
May 22,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ကျေးလက်နေပြည်သူများ အသိပညာ၊ အတတ်ပညာများရရှိပြီး ဗဟုသုတတိုးပွားလာစေရန်၊ စာဖတ်သည့် အ‌လေ့အကျင့်‌ ကောင်းများ ရရှိလာစေရန် အသိပညာပေး ဟောပြောပွဲကို သင်္ဂတုံကျေးရွာ "ဘဝအလင်းသစ်" စာကြည့်တိုက်၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
May 22,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ကျောက်ဆည်တက္ကသိုလ်နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မူလတန်းပြ ဆရာ/ဆရာမများ၏ အင်္ဂလိပ်စာ သင်ကြား/သင်ယူမှုစနစ် ပိုမိုကျွမ်းကျင် အောင်မြင်တိုးတက်လာ‌စေပြီး အရည်အသွေးရှိသော ကျောင်းသား၊ ကျောင်းသူများ ပေါ်ပေါက်‌လာ‌စေရေးတို့ကို ရည်ရွယ်ကာ မူလတန်းပြဆရာ၊ ဆရာမများ အင်္ဂလိပ်စာ အရည်အသွေးမြှင့် သင်တန်းဆင်းပွဲအခမ်းအနားကို မေလ ၂၂ ရက် နံနက် ၉ နာရီအချိန်က အဆိုပါ တက္ကသိုလ်ရှိ ဧကရာဇ်ခန်းမ၌ ကျင်းပခဲ့သည်။
May 22,2026
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ပြည်သူများနိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန်အတွက် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID နံပါတ်များကို နေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က စိန်ပန်းပင်ကျေးရွာအုပ်စု ချန်ကန်တောင်ကျေးရွာမှ အသက်(၁၀)နှစ်ပြည့်ပြီး ကျောင်းသား/ကျောင်းသူ(၃၀)ဦးအား နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
May 22,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ​ဒေးဒရဲမြို့နယ်တွင် K.G နှင့် Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့်(ဆင့်ပွား) ဆွေးနွေးပွဲသင်တန်းကို မေ ၂၀ ရက်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မေထက်တန်းကျောင်းတွင် ဆက်လက်ပို့ချ​​ပေးလျက်ရှိကြောင်း သိရသည်။