ကျောက်မဲမြို့နယ်၌ မိုးရာသီမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရေး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကြဲပက်ပွဲ ကျင်းပ

ကျောက်မဲ မေ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးရာသီမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ကြဲပက်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျောက်မဲမြို့နယ်၊ ချောင်းချောက်ကျေးရွာအုပ်စု၊ နောင်အန်ကျေးရွာရှိ တောင်သူ ဦးစံသြ၏ လယ်မြေ၌ ကျင်းပသည်။

အခမ်းအနားတွင် ကျောက်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောသိန်းထိုက်က မိုးရာသီမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေဆီလွှာအရည်အသွေး ကောင်းမွန်လာကာ ဓာတ်မြေဩဇာသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ သီးနှံအထွက်နှုန်း တိုးတက်ပြီး ပန်းတိုင်ရည်မှန်းချက် ပြည့်မီနိုင်ရေးအတွက် ပိုက်ဆံလျှော် စိုက်ပျိုးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် တောင်သူ ဦးစံသြ၏ လယ်မြေ (၄) ဧကအတွင်း ဒေသခံတောင်သူများက သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များကို စုပေါင်းကြဲပက်ကြရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ရွှေနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက တက်ရောက်ကြည့်ရှုအားပေးကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက တက်ရောက်လာကြသည့် ဒေသခံတောင်သူများကို သစ်စိမ်းမြေဩဇာအသုံးချမှုဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်