အမြို့မြို့အနယ်နယ်သတင်းများ

May 22,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆင်သေကျေးရွာအုပ်စုတောင်သူ ဦး‌အောင်ဌေး၏ လယ်မြေကွင်းအမှတ် (၁၈၉)၊ ဦးပိုင်အမှတ် (၁၃၄) ရှိ လယ်မြေငါးဧကတွင် ယနေ့နံနက်က မိုးစပါးအထွက်နှုန်းတိုးတက်စေရန် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကြဲပက်ပွဲနှင့် မျိုးစေ့ပေးအပ်ပွဲ ကျင်းပပြုလုပ်သည်။
May 22,2026
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် သမ္ဘာန်ကျေးရွာအုပ်စု၊ ဝါးဆူကွင်းကျေးရွာအနီး ဘားအံ-လှိုင်းဘွဲ ကားလမ်းမကြီးပေါ်တွင်  မိုးရွာသွန်းမှုများပြားခြင်းကြောင့် ယနေ့နံနက်(၁၀)နာရီခွဲက တံတားအမှတ် ၃/၁၂(အလျား ၂၄ပေ၊ အနံ(၁၈)ပေ)ရှိ သံကူကွန်ကရစ်တံတားတစ်စင်း မြေသားကျွံကာ နိမ့်ကျ၍ အနည်းငယ်ပျက်စီးခဲ့ကြောင်း သိရသည်။
May 22,2026
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်မီးသတ်ဦးစီးဌာနမှ အစိုးရသစ်လက်ထက် (၁၀၀)စီမံချက်ဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်သူအောင် ဦးဆောင်ပြီး ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာရုံးများအား ကွင်းဆင်းစစ်ဆေးသည်။
May 22,2026
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်နှင့် ပြည့်စုံစေရေးလူအများရှေ့တွင် ပြောဆိုရဲသည့် သတ္တိရှိစေရန်နှင့် လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အ.ထ.က ( ထန်းတပင်) ကျောင်း ပင်လုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။
May 22,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၆- ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေ ၂၅ ရက်မှ  ၃၁ ရက်နေ့အထိ သတ်မှတ်ထားပြီး ပြည်သူအားလုံး ပူးပေါင်းပါဝင်နိုင်ရေးအတွက် “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာ စိုက်ထူပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် ကျင်းပခဲ့သည်။
May 22,2026
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်နှင့် တာဝန်ရှိသူများ လိုက်ပါလာပြီး မေ ၂၂ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ က ကျောက်ဆည်တက္ကသိုလ်၌ မန္တလေး‌ မြေငလျင်ကြီးကြောင့် ပျက်စီးသွားသည့် အဆောက်အဦများ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေအား လိုက်လံကြည့်ရှု စစ်ဆေးသည်။
May 22,2026
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော်တရားသူကြီး၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် အတူ မေ ၂၂ ရက် နံနက်ပိုင်းက ဘားအံမြို့ အမှတ်(၆) ရပ်ကွက်၊ သီရိဈေးတွင် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းသို့ရောက်ရှိအပ်နှံနိုင်ရေး လှုံ့ဆော်သည့်အနေဖြင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးသည်။
May 22,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်စာရေးဆရာအသင်း နှစ်ပတ်လည် မျက်နှာစုံညီအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ် တင်မြှောက်ခြင်းအခမ်းအနားကို  မေ ၂၁ ရက် နံနက် ၁၀ နာရီက ရွှေသူဌေးရပ်ကွက်ရှိ Coffee House ဆိုင်၌ ကျင်းပပြုလုပ်သည်။