ပြည် ဖေဖော်ဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်မြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သင်တန်းကျောင်းအသီးသီးမှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းမိသားစုများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် သက်သာသောနှုန်းထားဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို ယနေ့နံနက်က ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကိုယ်တိုင် စိုက်ပျိုး/မွေးမြူ ထုတ်လုပ်ရောင်းချသူများ ပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ ရောင်းချပေးရာတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ အရာရှိများနှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ကိုယ်တိုင်စိုက်ပျိုး/မွေးမြူ ထုတ်လုပ်ရောင်းချသူများအဖွဲ့က ဈေးကားများဖြင့် ပြည်တက္ကသိုလ်၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (ပြည်)၊ ကွန်ပျူတာတက္ကသိုလ် (ပြည်)၊ ပညာရေးဒီဂရီကောလိပ် (ပြည်)နှင့် နည်းပညာတက္ကသိုလ် (ပြည်)တို့သို့ သွားရောက်၍ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီအပါအဝင် အသား/ငါး၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်မျိုးစုံတို့ကို သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်း သိရပြီး ယင်းသို့ ရောင်းချပေးနေမှုအား ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်) ဒေသကွပ်ကဲရေးမှူး ဆန်းဌေးမောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)မှ အရာရှိများ၊ တာဝန်ရှိသူများက ကြည့်ရှုအားပေးကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)