Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တောင်ဥက္ကလာပမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Sep 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း ဖွင့်ပွဲ့အခမ်းအနားကို ယမန်နေ့ နံနက် (၁ဝး၀၀) နာရီအချိန်က တောင်ဥက္ကလာပမြို့နယ် အမှတ် (၁၁) ရပ်ကွက် သုမင်္ဂလာလမ်းမပေါ်ရှိ မြို့နယ်မီးသတ်ဦးစီးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုဇွန်တောင်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်လှစ်
Sep 05,2023
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းနှင့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသောဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နိုင်ရန်ဖွဲ့စည်းထားပြီး မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူအကျိုးပြုဆောင်ရွက်ရေးစသည့် ရည်မှန်းချက်တာဝန် (၄) ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနည်းတူ အရန်မီးသတ်တပ်ဖွဲ့ဝင်များလည်း စနစ်တကျထိထိရောက် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် မီးသတ်ဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကသာပညာရေးဒီဂရီကောလိပ်၌ လူငယ်သီတင်းပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပပြုလုပ်
Sep 05,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာပညာရေးဒီဂရီကောလိပ်တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်သီတင်းပတ် လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က အဆိုပါကောလိပ်ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်တွင် စားအုန်းဆီ (၅၀) ကျပ်သားလျှင် (၂၂၀၀) ကျပ်ဖြင့် ဆီ (၂) ပေပါအား အခြေခံလူတန်းစားများကို ရောင်းချပေး
Sep 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အိမ်မဲကြီးရပ်ကွက် (၂) လမ်း ၊ မောင်မောင်ညွှန့် ကုန်ခြောက်ဆိုင်တွင် ယနေ့မွန်းလွဲ (၁)နာရီအချိန်ကစတင်၍ စားအုန်းဆီများကို (၅၀) ကျပ်သားလျှင် (၂၂၀၀) ကျပ်ဖြင့် အခြေခံလူတန်းစားများအား ရောင်းချပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့၌ စားအုန်းဆီနှင့်ဆန်များကို ပြည်သူများသို့ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ
Sep 05,2023
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဥ်မှုဖြင့် ဆန်စက်လုပ်ငန်းရှင်များပူးပေါင်း၍ စားအုန်းဆီနှင့်ဆန်များကို ပြည်သူများသို့ သက်သာသောစျေးနှုန်းဖြင့်ရောင်းချပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များတွင် လိုက်လံရောင်းချ ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြစ်ကြီးနားမြို့၌ ကလေးသုံးမွှာပူးမွေးဖွားသည့် မိသားစုအား ထောက်ပံ့ငွေများ ပေးအပ်
Sep 05,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးဝင်းရဲထွန်းနှင့် တာဝန်ရှိသူများက မြစ်ကြီးနားမြို့၊ ပုဂ္ဂလိပိုင် အေးသုခဆေးရုံကြီး၌ စက်တင်ဘာ ၄ ရက် နံနက် ၆ နာရီခွဲက ကလေး သုံးမွာပူးမွေးဖွားခဲ့သည့် မိသားစုအား ထောက်ပံ့ငွေများ သွားရောက်ထောက်ပံ့ပေးအပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဓနုဖြူမြို့နယ်၌ စားသုံးဆီများဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေး
Sep 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့မှ ပြည်သူများဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး စားသုံးဆီများဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့ စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် အမှတ်(၈)ရပ်ကွက် အခွန်လွတ်ဈေးတို့တွင် ရောင်းချပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၂၀၂၃) ဖွင့်ပွဲအခမ်းအနား ကျင်းပ
Sep 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၂၀၂၃) ဖွင့်ပွဲ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ရန်ကင်းမြို့နယ်အမှတ် (၆) ရပ်ကွက် သစ္စာလမ်းပေါ်ရှိ မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9591
Page
9592
Page
9593
Page
9594
Current page
9595
Page
9596
Page
9597
Page
9598
Page
9599
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department