Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပေါင်းတည်မြို့နယ်၌ ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 27,2024
ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအကြောင်းကို ပြည်သူများ အမှန်တကယ်သိရှိစေရန်၊ ဆိုရှယ်မီဒီယာများ၌ လုပ်ကြံရေးသား ဖော်ပြလျက်ရှိသော သတင်းတု၊ သတင်းမှားများ အန္တရာယ်ကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်မှု မဖြစ်စေရန်နှင့် သတင်းအမှန်များကို သိရှိပြီး အမှား၊ အမှန် ဝေဖန်ပိုင်းခြားနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ပေါင်းတည်မြို့နယ် စျေး(၁) ရပ်ကွက်ရှိ လူစည်ကားရာ ရန်ကုန်လမ်းနှင့် ဘုရားကြီးလမ်းတို့၌ သွားလာနေကြသော ပြည်သူများအား ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က စုပေါင်းဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုဒေသတွင် ကွမ်းသီးဈေးနှုန်း ကျဆင်းနေ၍ ဒေသခံကွမ်းသီးခြံပိုင်ရှင်များ ဈေးနှုန်း ပြန်လည်မြင့်တက်ရန် မျှော်လင့်
Feb 27,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ နေထိုင်သူ ဒေသခံတောင်သူများမှာ တောင်ယာလုပ်ငန်း၊ ဥယျာဉ်ခြံလုပ်ငန်းတို့ဖြင့် အသက်မွေးဝမ်း ကျောင်းပြုကြရာ ဒေသထွက်ကုန် တစ်မျိုးဖြစ်သော ကွမ်းသီးများ ယခုနှစ်တွင် ဈေးနှုန်း ကျဆင်းနေ၍ ဒေသခံ ကွမ်းသီးခြံပိုင်ရှင်များ အခက်တွေ့လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်၌ ပဲစင်းငုံ ဧက ၁၁၅၀၀ ကျော် ရိတ်သိမ်းပြီး
Feb 27,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးရာသီတွင် စိုက်ပျိုးခဲ့သော ပဲစင်းငုံ ဧက ၁၁၅၀၀ ကျော်ရိတ်သိမ်းပြီး ၂၆၀၀၀၀ တင်းကျော်ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Feb 27,2024
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်/ကျေးရွာများအရောက် လိုက်လံငှားရမ်းပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက ဒက္ခိဏသီရိမြို့နယ် မဲဒီးကျေးရွာသို့ သွားရောက်ငှားရမ်းပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားကျေးရွာအုပ်စုတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေး
Feb 27,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင် ဦးဆောင်၍ အဖွဲ့ဝင်များလိုက်ပါပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပုပ္ပားကျေးရွာအုပ်စု၊ ပုပ္ပားကျေးရွာ ပြည်အောင်စံ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများ ပြည်သူများသိရှိနားလည်စေရန် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 27,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက ပေါက်ခေါင်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်နှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်စာရေးများ ပူးပေါင်းအဖွဲ့က မြို့မစည်ပင်သာယာဈေးကြီး ရှိဈေးရောင်းဈေးဝယ်ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိကောင်းစရာများပါဝင်သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲပြုလုပ်
Feb 27,2024
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၁) နာရီက မုံရွာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့နယ်၌ ဒေသထွက်သခွားသီးများ လှိုင်လှိုင်ပေါ၍ ဈေးကောင်းရရှိ
Feb 27,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများကို တစ်ပိုင်တစ်နိုင် လုပ်ကိုင်လျက်ရှိရာ ယခုနှစ်တွင် ဆောင်းသီးနှံဖြစ်သည့် ဒေသထွက်သခွားသီးများ လှိုင်လှိုင်ပေါ၍ ဈေးကောင်းရရှိကြောင်း သခွားစိုက်တောင်သူများထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9591
Page
9592
Page
9593
Page
9594
Current page
9595
Page
9596
Page
9597
Page
9598
Page
9599
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department