ဘားအံမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ ကြိုဆိုထောက်ခံပွဲပြုလုပ်

ဘားအံ  ဖေဖော်ဝါရီ  ၂၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၌   ပြည်သူ့စစ်မှုထမ်းဥပဒေ  ကြိုဆိုထောက်ခံပွဲကို ယနေ့နံနက်(၈)နာရီက ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက် မြို့မအားကစားကွင်း၌ ပြုလုပ်ရာ စုစုပေါင်း အင်အား ၅၀၀ ခန့် တက်ရောက်ခဲ့သည်။

အဆိုပါ  ကြိုဆိုထောက်ခံပွဲတွင် ဦးဆောင်သူတစ်ဦးက ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြိုဆိုထောက်ခံရသည့် အကြောင်းအရင်းများကို အသိပညာပေး ဟောပြောခဲ့ပြီး တက်ရောက်လာသူတစ်ဦးက ထောက်ခံဆွေးနွေးခဲ့သည်။

ဆက်လက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေထောက်ခံပွဲသို့ တက်ရောက်လာသည့် ဒေသခံပြည်သူများက ပြည်ထောင်စုမပြိုကွဲရေး(ဒို့အရေး)၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး(ဒို့အရေး)၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး(ဒို့အရေး)၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို (ထောက်ခံပါသည်) စသည်ဖြင့် ကြွေးကြော်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဘားအံသား