လှိုင်းဘွဲ မတ် ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို ယနေ့ နံနက်ပိုင်းက စတင်ကျင်းပရာ ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အထက-လှိုင်းဘွဲ စာစစ်ဌာနနှင့် အထက-ရွှေဂွန်း စာစစ်ဌာနတို့ဖြင့် ဖွင့်လှစ်ထားပြီး အထက-လှိုင်းဘွဲ စာစစ်ဌာနတွင် ကျောင်းတွင်း ဖြေဆိုသူ ကျောင်းသား၊ကျောင်းသူ (၁၆၈)ဦး၊ ကျောင်းပြင်ပဖြေဆိုသူ ကျောင်းသား၊ကျောင်းသူ(၃)ဦး စုစုပေါင်း ကျောင်းသား၊ကျောင်းသူ(၁၇၁)ဦးနှင့် အထက-ရွှေဂွန်း စာစစ်ဌာနတွင် ကျောင်းတွင်း ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၁၁၈)ဦး၊ ကျောင်းပြင်ပဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၁၂)ဦး၊ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ (၁၃၀)ဦး၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၃၀၁)ဦးဖြင့် တက္ကသိုလ်ဝင်စာမေးပွဲကို စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
စောဒိ(ပြန်/ဆက်)