နတ်တလင်းမြို့နယ်တွင် (၂၀၂၄) ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆို

နတ်တလင်း မတ် ၁၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် (၂၀၂၄) ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို  စာစစ်ဌာန (၂) ခု၌ ယနေ့နံနက် (၉) နာရီအချိန်က ကျောင်းသား/ကျောင်းသူများ စတင်ဖြေဆိုခဲ့ကြသည်။

ယနေ့ဖြေဆိုလျက်ရှိသော ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာ ဘာသာရပ်ကို နတ်တလင်းမြို့နယ်အတွင်းရှိ အ.ထ.က(နတ်တလင်း) စာစစ်ဌာန၊ အ.ထ.က(တာပွန်) စာစစ်ဌာနတို့တွင် စတင်ဖြေဆိုလျက်ရှိရာ ကျောင်းသား (၁၄၁)ဦး၊ ကျောင်းသူ (၁၅၃) စုစုပေါင်း (၂၉၄)ဦးတို့ ဝင်ရောက်ဖြေဆိုကာ ပျက်ကွက်ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၉) ဦးရှိပြီး၊ ရာခိုင်နှုန်းအနေဖြင့် ၉၇ ဒသမ ၀၃ ရာခိုင်နှုန်း ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နတ်တလင်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရာ စာစစ်ဌာနများ၌  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)