မိုးညိုမြို့နယ်ရှိ စာစစ်ဌာန(၅)ခု၌ ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲကို‌ ကျောင်းသား/သူများ ဖြေဆို

မိုးညို မတ် ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ရှိ စာစစ်ဌာန(၅)ခု၌ ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် (၉) နာရီမှစတင်၍ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့ မှ ၁၉ ရက်‌နေ့အထိ တစ်နေ့လျှင် တစ်ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင် (၃) နာရီကြာ ဖြေဆိုသွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ စာစစ်ဌာန (၅)ခုဖြစ်သည့်  အ.ထ.က (မိုးညို)တွင် ကျောင်းသား/သူ(၉၄)ဦး၊ အ.ထ.က (ထိန်တော)တွင် ကျောင်းသား/သူ(၄၃)ဦး၊ အ.ထ.က (ရေကင်း)တွင် ကျောင်းသား/သူ(၅၉)ဦး၊ အ.ထ.က (ပတ္တော်)တွင် ကျောင်းသား/သူ (၅၈)ဦး၊ အ.ထ.က (ဆင်မနိုင်)တွင် ကျောင်းသား/‌သူ(၃၆)ဦး၊ စုစုပေါင်း ကျောင်းသား/သူ (၂၉၀)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ စာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာ‌ရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)